လ - ဇန်နဝါရီ 2019

နာကျင်ဝေဒနာများမှ ကင်းဝေစေခြင်း

ဆောင်းရာသီ၏နေ့တစ်နေ့တွင် ကလေးများက နှင်းလျောစီးလို၍ ခွင့်လာတောင်းသည်။ အပူချိန်က သုညဒီဂရီ ဖာရင်ဟိုက်နား ကျဆင်းနေပြီး နှင်းအမှုန်အလွှာလေးများက ပြတင်းပေါက်တွင် ကျရောက်တွယ်ကပ်နေသည်။ ကျွန်မ ခေတ္တမျှ စဉ်းစားပြီးမှ သွားခွင့်ပြု လိုက်သည်။ သို့သော် အနွေးထည်သေချာဝတ်ဆင်ရန်၊ အတူတကွရှိနေရန်နှင့် ၁၅ မိနစ် ပြည့်လျှင် အိမ်ထဲပြန်ဝင်ရန် မှာလိုက်သည်။

မေတ္တာနှင့် ထိုစည်းကမ်းများကို ချမှတ်ပေးခြင်းဖြင့် သူတို့အား အအေးမိ အသားပတ်သည့်ဝေဒနာ မခံစားရဘဲ ပျော်ရွှင်လွတ်လပ်စွာ ဆော့ကစားနိုင်လိမ့်မည်။ ဆာလံ ၁၁၉ ကို ရေးသားခဲ့သည့် ဆာလံဆရာသည်လည်း ဆန့်ကျင်နေပုံ ပေါ်သည့် ကျမ်း ၂ ပိုဒ်ကို ရေးသားခဲ့စဉ်က ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းကို သူ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်မည်ဟု ကျွန်မတွေးမိသည်။ ‘‘ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်’’ (း၄၄)။ ‘‘ပေးတော်မူသော သြဝါဒစာများကို အကျွန်ုပ် ရှာဖွေ
မေးမြန်းသည်ဖြစ်၍…

လူအစုအဝေးပရိတ်သတ်ကြီး

ပထမဆုံးသော အမေရိကန်နိုင်ငံသား အာဖရိကန်လူမျိုး သမ္မတကြီး ကျမ်းသစ္စာ ကျိန်ဆိုသည့် အခမ်းအနားကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်စဉ် ထိုသမိုင်းဝင် အဖြစ်အပျက်သို့ တက်ရောက်လာကြသည့် လူဦးရေနှစ်သန်းခန့်မျှရှိသည့် ပရိတ်သတ် ကြီးကို မြင်ကွင်းကျယ် ရိုက်ကူးဖော်ပြသည်။ CBS မှ သတင်းကိုယ်စားလှယ် ဘော့ရှဲဖာက ‘‘ဒီပွဲမှာ အထူးပေါ်လွင်နေတာကတော့ ဒီပရိတ်သတ်ကြီးဘဲ’’ ဟု မှတ်ချက်ပေးသည်။ လင်ကွန်းအောက်မေ့ဖွယ်ရာ အဆောက်အဦမှ မြို့တော်အထိ ပြည့်သိပ်ကြပ်ညှပ်စွာ ရှိနေ သည့် လူထုကြီးကို ဘယ်အရာမှ မယှဉ်နိုင်ပါ။

သခင်ယေရှု ခရစ်တော်ကို ယုံကြည်သူအစုအဝေး၊ သာ၍ကြီးမားသည့် ပရိတ်သတ်ကြီးအကြောင်းကို ကျမ်းစာမှ အရိပ်မြွက် ဖော်ပြထားသည်။ ‘‘သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်း တော်မူသော သူ၏ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော် မူသော အပေါင်းအသင်းဖြစ်ကြ၏’’ (၁ ပေ ၂း၉)။…

ဒါလေးများ

မိသားစုတစ်စုသည် ဒီဇင်ဘာလ၌ အိမ်ငှားခပေးချေရမည့်ကိစ္စအတွက် အကူအညီ လိုနေသည်။ နှစ်ကုန်ပိုင်းဖြစ်၍ မမျှော်လင့်သော အခြားကုန်ကျစားရိတ်များကြောင့် ထိုပြဿနာက သူတို့အတွက် အတော်ကြီးလေးသည်။ သို့သော် ဘဏ်စုငွေများ၊ ဘုရားသခင်ပြင်ဆင်သည့် ကောင်းချီးနှင့် ဆွေမျိုးသားချင်းတို့၏ ကူညီမှုများဖြင့် အဆင်ပြေသွားသည်။

ထိုမိသားစုမှ ‘‘ဘာမှမဟုတ်သလို ဒါလေးများဆိုပြီး သင်ပေးကမ်းခဲ့တယ်၊ ကောင်းမှုတစ်ခု သင်ပြုပြန်ပြီ’’ ဟူသည့် စာသားလေးများရေးပြီး ကျေးဇူးတင်ကတ်လေးကို ပေးပို့ခဲ့သည်။

သူတစ်ပါးကို ကူညီခြင်းက ဘာမှမဟုတ်သော်လည်း ဘုရားသခင်အလေးထားပါသည်။ ထိုအချက်ကို ပရောဖက် ဟေရှာယက ဣသရေလလူတို့အား ထောက်ပြခဲ့သည်။ လူတို့သည် အစာရှောင်နေစဉ်မှာပင် အငြင်းပွားလျက် ခိုက်ရန်ပြုနေကြသည်။ ထို့ကြောင့် ‘‘မတရားသော အချည်အနှောင်ကို ချွတ်ရန်၊ သင့်အတွက် အလုပ်လုပ်ပေးသူအပေါ်တင်သည့် လေးသောဝန်ကို ချရန်၊ ... မွတ်သိပ်သူကို အစာကျွေးရန်၊ နေရာမရှိ ဆင်းရဲသောသူတို့ကို နေစရာပေးရန်၊ အဝတ်မရှိသောသူကို အဝတ်ပေးရန်၊ အကူအညီ လိုသည့် ဆွေမျိုးသားချင်းများကို…

အထင်ကြီးအောင်လို့

ကောလိပ်ကျောင်းတစ်ကျောင်းမှ ယဉ်ကျေးမှုဆိုင်ရာ လက်တွေ့လေ့လာရေးခရီးစဉ် တစ်ခုသွားခဲ့ရာ ဆရာက သူ၏စူပါတပည့်တစ်ဦးကို မမှတ်မိသလောက်ဖြစ်သွားခဲ့သည်။ အတန်းထဲတွင် သူသည် သူ၏ဖိနပ်ထဲ၌ ၆ လက်မအမြင့် ဒေါက်ကို ဝှက်၍ ဝတ်ဆင်ပြီး ယခုတွင် ခရီးသွားဘွတ်ဖိနပ်စီးထားရာ သူ့အရပ်က ၅ လက်မခန့် နိမ့်နေသည်။ ‘‘ဒေါက် ကတော့ ကျွန်မဖြစ်ချင်တဲ့ပုံစံ၊ ဘွတ်ဖိနပ်ကတော့ ကျွန်မရဲ့ အရှိအတိုင်းပုံစံပေါ့’’ ဟု ရယ်မောလျက် ပြောရှာသည်။

မိမိ၏ရုပ်ခန္ဓာအသွင်အပြင်က ကျွန်ုပ်တို့ မည်သူ ဖြစ်သည်ကို မသတ်မှတ်ပေးနိုင်ပါ။ စိတ်နှလုံးသာ အဓိက ဖြစ်သည်။ ရုပ်ပိုင်းကို ပြင်ဆင်ခြင်း၌ ဆရာတစ်ဆူဖြစ်သော ဘာသာရေးစူပါစတား ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်တို့ အတွက် သခင်ယေရှုက ပြင်းထန်စွာ မိန့်ကြားသည်။ သူတို့က သခင်ယေရှု၏နောက်တော်လိုက်များသည် ဘာသာရေး ဓလေ့ထုံးစံများ အရ၊ အစာမစားမီ အဘယ်ကြောင့် လက်မဆေးကြသနည်းဟု မေးရာ (မ ၁၅း၁-၂)။ သခင်က…

အစဉ်အမြဲ ဘုရားသခင်၏သားသမီးပင်

ကျွန်မမိဘများနှင့်အတူ သွားရောက်ဝတ်ပြုသည့် အသင်းတော်တစ်ခုတွင် ပြုနေကျ ထုံးစံအတိုင်း သခင်ဘုရား၏ ပတ္ထနာတော်ဆုတောင်းချိန်တွင် အတူလက်တွဲထား ကြသည်။ ကျွန်မက အမေနှင့်အဖေ၏လက်ကို တစ်ဘက်တစ်ချက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းမှ ကျွန်မသည် အစဉ်အမြဲ သူတို့၏သမီးဖြစ်သည်ဟူသော အတွေးဝင်မိသည်။ ကျွန်မက သက်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်ငြားလည်း ကျွန်မကို ဦးလီယို၊ ဒေါ်ဖီလစ်တို့၏ ကလေးဟု ခေါ်၍ ရပါသည်။ အဖေအမေ တို့၏ကလေးသာမက ကျွန်မသည် ဘုရားသခင်၏သားသမီးအစဉ်အမြဲဖြစ်သည်ဟု ဆင်ခြင်မိပါတော့သည်။

တမန်တော်ရှင်ပေါလုက ရောမမြို့အသင်းတော်မှ လူများအား ၎င်းတို့သည် ဘုရားသခင်၏ မိသားစုဝင် အဖြစ် မွေးစားခံရခြင်းအပေါ် အခြေခံပြီး ၎င်းတို့၏ ဖြစ်တည်မှုကို နားလည်စေလိုသည် (ရော ၈း၁၅)။ ဝိညာဉ်တော်အားဖြင့် ဖြစ်တည်ခဲ့ခြင်းကြောင့် (း၁၄)၊ အရေးမပါသောအရာများ၏ကျွန်ပြုမှုကို ခံစရာ မလိုတော့ပါ။ ဝိညာဉ်တော်၏ဆုကျေးဇူးအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏အမွေခံ၊ ခရစ်တော်နှင့် ဆက်ဆံသော အမွေခံချင်းဖြစ်သည် (း၁၇)။

ခရစ်တော်နောက်တော်…